Gibbon

 

 သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံအစီအစဉ်၊မြန်မာပြည်မြောက်ဘက်ပိုင်း ဆက်စပ်သစ်တော ၊မျောက်လွှဲကျော် စစ်တမ်းကောက်ယူရေးအဖွဲ့မှ မျောက်လွှဲကျော် အသံကိုဖမ်းယူနေစဉ်။ဓါတ်ပုံ ©Elenor Briggs/WCS

ပျံနှံ့တည်ရှိပုံ

       Hollock gibbons(Hoolocks) မျောက်လွှဲကျော်သည် Gibbons(Hylobatidae) မျိုးရင်း ထဲမှ နို့တိုက်သတ္တဝါမျိုးစိတ် နှစ်ခုဖြစ်ပါသည်။ Hoolocks သည်Gibbon မျိုးရင်းထဲတွင် ဒုတိယ အကြီးဆုံးမားဆုံးဖြစ်ပါသည်။ မျောက်လွှဲကျော်များသည် သစ်ပင်ထက်  နေသော မျိုးစိတ်တစ်ခုဖြစ်ပြီး၊ အများအားဖြင့် သစ်သီးစားလေ့ရှိပါသည်။ ရွက်နုများ၊ ပန်းဖူးကိုလည်း စားသုံးသော အလေ့ရှိပါသည်။သူတို့သည် အစေ့များကို ပျံ့နှံ့စေသောကြောင့် သစ်တောများ ပြန်လည် ဖြစ်ထွန်းလာစေရေး အတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။

   မျောက်လွှဲကျော်တို့သည် နယ်ပယ် သတ်မှတ်နေသော မျိုးစိတ်ဖြစ်ပြီး၊ (၂)ကောင်မှ (၆) ထိပါဝင်သော မိသားစုလေးများဖြင့် နေထိုင်ကြလေ့ရှိပါသည်။အနောက်ဘက်နေမျောက်လွှဲကျော် နှင့် အရှေ့ဘက်နေမျောက်လွှဲကျော်တို့သည်  မျိုးစု Bunopithecus ထဲ ပါဝင်သော တဆင့်ခံ မျိုးစိတ်ဟု အရင်ကသိထားကြပါသည်။၂၀၀၅ ခုနှစ်တွင် Groves နှင့် Mootnick တို့ မှ သူတို့ကို မျိုးစိတ်အသစ်ထဲ ထည့်လိုက်ပါသည်။ Hoolock Hoolock နှင့် Hoolock leuconedys (အရှေ့)ဟု သတ်မှတ်ခဲ့ပါသည်။.

    အနောက်ဘက်နေမျောက်လွှဲကျော်ကို အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ် နှင့်မြန်မာတို့တွင်တွေ့ရပြီး၊အရှေ့ဘက်နေမျောက်လွှဲကျော်ကို အိန္ဒိယ၊မြန်မာ နှင့် တရုတ်နိုင်ငံတို့တွင်တွေ့ရပါသည်။ ၄င်းမျောက်လွှဲကျော်မျိုးစိတ်၂မျိုးလုံး၏ အဓိက ပျံနှံ.နေထိုင်သောဧရိယာမှာ မြန်မာနိုင်ငံဖြစ်ပြီး၊ အဓိကအားဖြင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊မကွေးတိုင်း ၊ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း ၊ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် တွေ.ရှိရပါသည်။ ယင်းမျိုးစိတ်(၂)မျိုးလုံး၏ နေထိုင် ကျက်စားရာနေရာကို ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အောက်ပိုင်း (ဧရာဝတီမြစ်ဝနှင့် ချင်းတွင်းမြစ်နှင့်ဧရာဝတီမြစ်ဆုံရာအကြားနေရာ) နေရာဒေသများ ဟူခွဲခြား သတ်မှတ်ထားပါသည်။ ချင်းတွင်းမြစ်အနောက်ဘက်ပိုင်း နှင့်ဧရာဝတီမြစ်အောက်ပိုင်းတို့သည်အနောက်ပိုင်းHoolock Gibbonတို့၏ ကျက်စားရာဒေသဖြစ်ပြီး၊ ချင်းတွင်းမြစ်အရှေ့ဘက်ပိုင်းသည်အရှေ့ဘက်Hoolock Gibbonတို့နေထိုင်ရာဖြစ်သည်။သို့သော်လည်း ၄င်းတို့ပျံ.နှံ.နေထိုင်ပုံကို သိပ္ပံနည်းကျစနစ်တကျ သုတေသနလုပ်ဆောင်ရန် လိုအပ်နေပါသေးသည်။၎င်းမျိုးစိတ်(၂)မျိုး၏ နယ်နိမိတ်သတ်မှတ်ခြင်းကို ချင်းတွင်းမြစ်အထက်ပိုင်း(တနိုင်းချောင်း)တွင် အတိအကျသတ်မှတ်ထားခြင်းမရှိသေးပါ။ မည်သည့်မျောက်လွှဲ ကျော်မျိုးစိတ်မျိုးများ နေထိုင်ကျက်စားလျက်ရှိ သည်ဆိုသည်လည်း မသေချာသေးပါ။ မျိုးစိတ်(၂)မျိုးလုံးသည် ထိုနေရာတွင်နေထိုင် ကျက်စားလျက်ရှိသည်မှာ ဖြစ်နိုင်ခြေများသော်လည်း၊ ကွင်းဆင်း လေ့လာမှု လုပ်ငန်းများလုပ်ဆောင်ခဲ့ရသေးခြင်းမရှိခဲ့ပေ။

IUCNအဖွဲ့အစည်ကြီး၏ ၂၀၁၃ ခုနှစ် စာရင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံနေ အနောက်ပိုင်းမျောက်လွှဲကျော် နှင့်အရှေ့ပိုင်းမျောက်လွှဲကျော်မျိုးစိတ်(၂)မျိုးစလုံးသည်မျိုးသုန်းလုနီးပါးအန္တရာယ်ကျရောက်လျက်ရှိသည်။

 

 

သားငှက်ထိန်းသိမ်းရေးအဖွဲ့မြန်မာနိုင်ငံအစီအစဉ်မှ မြန်မာပြည်မြောက်ပိုင်းဆက်စပ်သစ်တော အဖွဲ့၏ မျောက်လွှဲကျော် စစ်တမ်းကောက်ယူခြင်း အစီအစဉ်အား ပြန်လည်သုံးသပ်နေစဉ်။ဓါတ်ပုံ© Eleanor Briggs/WCS

မြန်မာနိုင်ငံ Hoolock Gibbon ထိန်းသိမ်းထားသောနေရာများ

        Gibbonကာကွယ်ထားသော ဧရိယာသည် သံလွင်မြစ် အနောက်ပိုင်းတွင် တည်ရှိပြီး၊ ရွက်အုပ် ပိတ်ရွက်ပြတ် ရောနှောတော၊ တစ်ဝက်တစ်ပျက် ရွက်ပြတ်တော(semi-deciduous)နှင့် အမြဲစိမ်းတောတို့ ပါဝင်သောနေရာတို့သည် Hoolock Gibbonများနေထိုင် ကျက်စားလေ့ ဖြစ်နိုင်သောနေရာများဖြစ် ပါသည်။ ကျွန်တော်တို့သည် ဧရိယာစတုရန်းကီလိုမီတာ (၁၀၀)ကျော်ရှိသော ထင်ရှားသည့်နေရာအနည်းဆုံး (၇)နေရာကို ထိန်းသိမ်းတောများ အဖြစ်သတ်မှတ်ခဲ့ပြီး၊Hoolock ၄င်းနေရာများထဲမှ တစ်ခုဖြစ်သော ဧရာဝတီမြစ် အနောက်ပိုင်းရှိ ရခိုင်ရိုးမဆင်များကျက်စားရာနေရာ (၁၇၅၅စတုရန်းကီလိုမီတာ)တွင်western Hoolock နှင့် Hoolock Hoolockမျိုးစိတ် နှစ်မျိုးလုံး ရှိနိုင်သည်ကိုတွေ.ရှိရပါသည်။ ရခိုင်ရိုးမ ဧရိယာသည် မြောက်လတ္တီကျူ. (၁၈၀) ဒီဂရီ တွင်ရှိပြီး၊ ၄င်းဧရိယာအနီး သို့မဟုတ် တောင်ဘက်ပိုင်းအစွန်းဘက်တွင် Hoolock Gibbonများကိုပိုမိုတွေ့ရှိရနိုင်ပါသည်။ သားငှက်ထိန်းသိမ်းရေး အရာရှိများ၏ အစီရင်ခံစာများအရ ရှိသည်ဟုဆိုပါသည်။ သို့သော် အကောင်အရေအတွက်နှင့် ပတ်သက်သော သတင်းအချက် အလက်များ မရရှိပါ။ သစ်တော ဧရိယာစတုရန်းကီလိုမီတာ (၅၀၀၀၀)နီးပါး (အများစုသည်တောပြူန်းခဲ့ပြီး) ကျယ်ဝန်းသော ဧရာဝတီ-ချင်းတွင်းမြစ်အနောက်ပိုင်းရှိ ရခိုင်ရိုးမတောင်တန်းကြီးသည် အနောက်ပိုင်းမျောက်လွှဲကျော်တို့ ရှိနေနိုင်သောဒေသဖြစ်သည်။

        ချင်းတောင်တန်း ဆက်စပ်တောများ ၏မြောက်ဘက်ပိုင်းတွင် ဧရိယာစတုရန်းကီလိုမီတာ(၂၃၀၀၀)ကျော်ရှိ ပြီး၊ ဂြိုဟ်တုဓါတ်ပုံ များအရ ၄င်းဧရိယာအတွင်းရှိ သစ်တောများ၏ ထက်ဝက်ကျော်သည် ယခုအခါပျက်စီးနေခြင်း သို့မဟုတ် သစ်တော အဆင့်အတန်း လျော့ကျနေပါသည်။ ၄င်းဧရိယာအတွင်းတွင် ကာကွယ်ထားသောတော ငယ် နှစ်ခုရှိပါသည်။ အနောက်ဘက်နေမျောက်လွှဲကျော်များ ယင်းဒေသတို့တွင် လာရောက်နေထိုင်သည်ဆိုသော စစ်တမ်းများ ကျွန်တော်တို့ သိသလောက်ပြောရလျှင် မရှိသေးပါ။J.T. Marshall Jr.၏ ၁၉၇၄ ခုနှစ် အစီရင်ခံစာတွင် အရှေ့ပိုင်းမျောက်လွှဲကျော်များ (H.leuconedys) သည် ထိုင်းနိုင်ငံဘက်ခြမ်း သံလွင်မြစ်တလျောက်တွင် အသံကြားရသည်ဟုဆိုထားပြီး နှင့် ၁၉၈၁ ခုနှစ်တွင်(Marshall and Sugardjito ၁၉၈၆)က ဖော်ပြခဲ့သော်လည်း ၊ယခုအခါ ယင်းအကောင်များ ကျန်ရှိနေသေးသလား ဆိုသည်မှာ ရှင်းလင်းစွာမပြောနိုင်ပေ။ မြန်မာနိုင်ငံအရှေ့ပိုင်း သံလွင်မြစ်ဧရိယာ တလျှောက်တွင် ထိန်းသိမ်းသောဧရိယာများ လည်းမရှိပါ။ 

 မြောက်လတ္တီကျူ့ (၂၃) ဒီဂရီ (၈) မိနစ် နှင်(့ ၂၈) ဒီဂရီ( ၈) မိနစ်ကြားတွင် ကာကွယ်ထားသောဧရိယာ( ၆) ခုရှိပြီး၊အများစုမှာ ချင်းတွင်းမြစ် အရှေ့ပိုင်းနှင့်မြောက်ပိုင်းတို့တွင်တည်ရှိပါသည်။ ၄င်းတို့မှာ(တောင်မှမြောက်သို့)-

(၁) မဟာမြိုင်သားငှက်တိရစ္ဆာန်ဘေးမဲ့တော( ၁၁၈၀ စတုရန်းကီလိုမီတာ)

(၂)ထမံသီသားငှက်တိရစ္ဆာန်ဘေးမဲ့တော( ၁၃၂၀ စတုရန်းကီလိုမီတာ)

(၃)ဟူးကောင်းချိုင့်ဝှမ်းသားငှက်တိရစ္ဆာန်ဘေးမဲ့တော(သို့)ကျားထိန်းသိမ်းရေးတော(၂၁ ၈၀၂ စတုရန်းကီလိုမီတာ)

(၄)ဘွန်ဖာဘွန်သားငှက်တိရစ္ဆာန်ဘေးမဲ့တော( ၁၈၅၄ စတုရန်းကီလိုမီတာ)

(၅)ုဖုန်ကန်ရာဇီသားငှက်တိရစ္ဆာန်ဘေးမဲ့တော( ၂၇၀၄ စတုရန်းကီလိုမီတာ) နှင့်

(၆)ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် ( ၃၈၁၂ စတုရန်းကီလိုမီတာ) တို့ဖြစ်ကြပါသည်။ နောက်ဆုံး ဧရိယာသည်မြန်မာနိုင်ငံမြောက်ဘက်ဆုံး အပိုင်းတွင်တည်ရှိပြီး၊ မျောက်လွှဲကျော်များ သည် တောင်ဘက်ပိုင်း ဥယျာဉ်များတွင်သာ စာရင်းကောက်ယူရရှိထားပါသည်။



      မြောက်လတ္တီကျု့ (၈) ဒီဂရီ (၈) မိနစ်အနီး တွင်ရှိ နန်းတမိုင်းမြစ် နှင့် ဆိပ်ခူးမြစ်ဆုံရာ ယခု ခါကာဘိုရာဇီဥယျာဉ်၏ အလယ် တွင်ရှိသော မြောက်ပိုင်းရှိ မျောက်လွှဲကျော် အကောင်အရေအတွက် ကန့်အသတ် နှင့်ပတ်သတ်သည့် အချက်အလက် များကို သဘာဝပညာရှင် Frank Kingdon-Ward က ၁၉၃၇ ခုနှစ်တွင် အစီခံစာတင်သွင်းခဲ့ပါသည်။ မြန်မာနိုင်ငံမြောက်ပိုင်းရှိတောင်အများစုသည် အမြင့်ပေ (၄၀၀၀) ကျော်ရှိပြီး၊ မျောက်လွှဲကျော်များသည် အစီရင်ခံစာများအရ အမြင့်ပေ (၈၀၀၀)နှင့်အထက်တွင် တွေ့ရှိရကြောင်းသိရှိရပါသည်။ (2,438 m: Kingdon-Ward 1949; Tun Yin 1967). မျောက်လွှဲကျော်များသည် ကျွန်တော်တို့သိသလောက် နေရာမပြောင်းလဲတတ်ဟု ဆိုသော်လည်း ၊ ရာသီအလိုက် တောင်ပေါ် အတက် ၊အဆင်းလုပ်လေ့ရှိနိုင်ဟူသော အကြံပြုချက်များ လည်းရှိ နေပါ သေးသည်။ ဥပမာအားဖြင့် ၁၉၄၉(၂၄၄စာမျက်နှာ)ခုနှစ်တွင် Kingdon-Ward  ၏  အစီရင်ခံစာအရ မျောက်လွဲကျော်များသည် ဆောင်းတွင်းတွင်တောင်မှ ပေ ၄၀၀၀ နှင့် ၄င်းအထက်ပိုမြင့်မြင့်ထိ တက်နိုင်သည်ဟု ဖော်ပြထားခဲ့ပါသည်။.   မိုးရာသီတွင်ပေ (၈၀၀၀) လောက်ထိ အောင်ကြားသိရသည်ဟု ဆိုပါသည်။) တောင်အမြင့်ကြီးများ တတ်နိုင်သော မျောက်လွဲကျော်များကို ထင်းရှူးပင်များ လွှမ်းမိုးနေသော သစ်တော များထဲတွင် တွေ့နိုင်ပါသည် ဟုလည်း ၁၉၄၁ ခုနှစ်က Anthony မှပြောကြားထားပြီး၊ ထွန်းရင် မှ ၁၉၆၇ ခုနှစ် တွင် ကိုးကားထောက်ခံထားပါသည်။  


     ဟူးကောင်းဘန်ပဘန် ထိန်းသိမ်းတောသည် ကျယ်ကျယ်ပြန့်ပြန့် ဆက်စပ်လျက်ရှိပြီး၊ တစ်တောလုံး၏ ၇၅% သည် ပိန်းပိတ်နေသော သစ်တော ဖြစ်သည်ဟု ဂြိုဟ်တုဓါတ်ပုံများအရ သိရှိရပြီး၊ ကျန်သောအပိုင်းများမှာ ချိုင့်ဝှမ်းအလယ်တွင်ရှိသော စိုက်ပျိုး မြေများဖြစ် နေပြီး၊ အဆင့်နိမ့်ကျနေသော တောင်ယာသစ်များ နှင့် ၀ါးတောများ ရှိနေပါသည်။ ထို့ကြောင့် ထိုထိန်းသိမ်းတောများထဲတွင် မျောက်လွဲကျော်များ အတွက် နေထိုင်ရာ စားကျက်သည် အကြမ်းဖျင်းအားဖြင့် စတုရန်းကီလိုမီတာ (၂၀,၀၀၀) လောက်ထိရှိနေ သည်ကို တွေ့ရ ပါသည်။  ထိုထိန်းသိမ်းတောသည် အရှေ့တောင်အာရှ၏ အဓိက ကုန်းတွင်းပိုင်းဖြစ်သော အကြီးမားဆုံး နှင့် မပျက်ဆီးပဲရှိနေသော အမြဲစိမ်းသစ်တောများအတွက် အဓိကကျသော  တောလည်းဖြစ်ပါသည်။ထိုသစ်တောများကို စီမံခန့်ခွဲခြင်းနှင့် အမှန်တကယ် ကာကွယ်ထိန်း သိမ်းခြင်းဆိုသော ရှုပ်ထွေးသော ကိစ္စသည်  ခက်ခဲ ရှုပ်ထွေးသော ပြာနာတစ်ရပ်လည်း ဖြစ်ပါသည်။ အထူးသဖြင့် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် နေထိုင်လျက်ရှိသော လူဦးရေ (၅၀၀၀၀) ထက်ကျော်သော လူသားများအား ပညာပေးခြင်းလုပ်ငန်းများနှင့် ကျယ်ပြန့်သော လုပ်ငန်းများကို ပေးရင်း ထည့်သွင်းစဉ်းစားရမည့် ရှုပ်ထွေးလှသောပြာနာတစ်ရပ်လည်းဖြစ်ပါသည်။

    သစ်တောဌာနအောက်ရှိ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေး ဌာနသည် မျှကျယ်ပြန့်သော နေရာကြီးတွင် မြောက်များစွာသော အတားအဆီးများဖြစ်သော ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာဥပဒေနှင့် ဆိုင်သောစိုးမိုးရန် စွမ်းဆောင်ရည်ပိုင်းတွင် လည်း အခက်အခဲများကို တွေ့ကြုံနေရသောကြောင့် ထိရောက်သော ကာကွယ် ထိန်းသိမ်းခြင်းဆိုင်ရာဆောင်ရွက်မှုများသည် ထိုဒေသတွင် လက်ရှိလုပ်ဆောင်လျက်ရှိသော အစိုးရဆိုင်ရာ အဖွဲ့အစည်းများ၏ ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်နေသကဲ့သို့ပင် ဒေသဆိုင်ရာ နိုင်ငံရေးအဖွဲ့အဖွဲ့အစည်းငယ်များ၏ ပူးပေါင်းဆောင်ရွက်ခြင်းသည်လည်းလိုအပ်ပါသည်။ 

    ဟူကောင်းချိုင့်ဝှမ်း အရှေ့ဘက်ပိုင်းမှ စီးဆင်းလာ သောတနိုင်းမြစ်သည်  အထက်ချင်းတွင်းမြစ်အတွင်းစီးဝင်ပါသည်။ အရှေ့ဘက်နေ နှင့် အနောက်ဘက်နေဟူးလော့မျောက်လွဲကျော်များအကြားရှိ အဆင့်တိုးတက်လာခြင်း သို့မဟုတ် မျိုးစပ်သွားနိုင်သောနေရာဟု ယူဆရသော နေရာသည် ရေဝေရေလဲ ဒေသ အများစု တွင် ဖြစ်ပါသည်။(Groves 1967)ဟူးကောင်းချိုင့်ဝှမ်း၏ မြောက်ဘက်နှင့် အနောက်ဘက် တောင်တန်းဒေသများ တွင်ရှိသော မျောက်လွဲကျော်များကို အထူးသဖြင့် မလေ့လာရသေးချေ။ယခုအခါ မျိုးစိတ်တစ်ခု အဖြစ်သတ်မှတ်လာကြသော ယင်းမျိုးစိတ်ပုံစံနှစ်ခု၏ ဆက်နွယ်မှုကို နားလည်ရန်အတွက် မျိုးရိုးဗီဇများ ၊သွင်ပြင်လက္ခာဏများ၊ အသံထုတ်ပုံများ အပေါ်တွင် များစွာသောသုတေသနများ ဆောင်ရွက်ရန်ကျန်နေပါသေးသည်။ 



     အရိုင်းသဘာဝတွင်ရှိနေသော မျောက်လွှဲကျော်မျိုးစိတ်တို့သည် လူသားတို့၏လုပ်ရပ်များဖြစ်သော ရွှေတူးဖော်ခြင်း၊သစ်ခုတ်ခြင်းနှင့် အမဲလိုက်ခြင်းတို့ ကြောင့် အရေအတွက်ကို အမြဲကျဆင်းစေသော ကြီးစွာသော ထိခိုက်မှုဖြစ်ပေါ်နေပါသည်။မြန်မာနိုင်ငံတွင် ရွေ့ပြောင်းလုပ်ငန်းသည် မျောက်လွှဲကျော်မျိုးစိတ်တို့ အတွက် အဓိကကျနေသော ခြိမ်းခြောက်မှုပင် ဖြစ်နေပါသည်။  မျောက်လွဲကျော်များနေထိုင်ကျက်စားရာအရပ်တွင်နေထိုင်သော လူအများစုသည် ရွေ့ပြောင်းတောင်ယာလုပ်ငန်းမှရသော အစားအသောက်ရင်းမြစ်အပေါ်တွင်မှီခိုအသက် ရှင်နေ ရပါသည်။ .ထို့အပြင်အစားအသောက်အတွက်အမဲလိုက်ရန်ဖိအားပေးမှု၊ ဆေးဝါးအတွက်အသုံးချမှု နှင့် သားငှက်တိရစ္ဆာန်ရောင်းဝယ်ဖောက်ကားခြင်းတို့သည် မျောက်လွှဲကျော်မျိုးစိတ်တို့ မျိုးသုဉ်စေသော အကြောင်းများပင်ဖြစ်ပါသည်။သစ်အလွန်အကျွံထုတ်ခြင်းသည်လည်း  ကျက်စားရာနေရာများ ပိုမို ပျက်စီးဆုံးရှုံးမှု ဖြစ်လာစေသောအဓိက အကြောင်းအရင်းတစ်ရပ်လည်းဖြစ်ပါသည်။ ကျက်စားရာနေရာများ အစိတ်စိတ် အပိုင်းပိုင်း ဖြစ်စေပါသည်။ ထို့ကြောင့်လှုပ်လှုပ်ရှားရှား ဆောင်ရွက်မှုတို့ကန်သတ်ခြင်း နှင့်လူသားနှင့်သားငှက်တိရစ္ဆာန် ပြနာကို လည်းပြင်းထန်စေလာမည်ဖြစ်သည်။ စပါးခင်းများတိုးပွားလာခြင်း၊ သစ်တောများအား စိုက်ပျိုးမြေများအဖြစ်သို့ ပြောင်းလဲခြင်းနှင့် ရွှေတူးဖော်ခြင်းလုပ်ငန်းများသည် မျောက်လွဲကျော်များ၏ ကျက်စားဒေသများနှင့်အရေအတွက်ကို ထိခိုက်လျော့ကျစေသော နောက်ထပ်အချက်များပင်ဖြစ်ပေသည်။

 

 

သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံအစီအစဉ်၊မြောက်ပိုင်းဆက်စပ်သစ်တော အဖွဲ့မှ စာရင်းကောက်ယူမှု တစ်ခုအတွင်း မျောက်လွှဲကျော်သွားလမ်းများ ရေးဆွဲနေစဉ်။ဓါတ်ပုံ ©Eleanor Briggs/WCS

သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံအစီအစဉ်မှ ထိန်းသိမ်းရေးဆောင်ရွက်ချက်များ

       

  သစ်တောရေးရာဝန်ကြီးဌာန၊သဘာဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန နှင့် အတူလက်တွဲ၍ သားငှက်ထိန်းသိန်းရေးအဖွဲ့သည် ဟူးလော့ မျောက်လွှဲကျော် စာရင်းကောက်ယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ယင်းသို့သော ထိန်းသိမ်းရေးလုပ်ငန်းများသည် မြန်မာနိုင်ငံတွင်ရှိသော ဟူးလော့မျောက်လွှဲကျော်တို့၏ ထိန်းသိမ်းနိုင်သော အနေအထားကို အကဲဖြတ်နိုင်စေရန်ရည်ရွယ်ပြီး၊နို့တိုက်သတ္တဝါမျောက်လွှဲကျော်တို့ကို ထိန်းသိမ်းခြင်း၊စောင့်ကြည့်လေ့လာခြင်းနှင့် စာရင်းကောက်ယူခြင်းတို့အတွက် ဆောင်ရွက်နေသော ထိန်းသိမ်းရေးစွမ်းဆောင်ရည်တို့ကိုလည်း အားကောင်းလာစေပါသည်။ 

အဓိက ရည်ရွယ်ချက်တို့မှာ- 

  •   (၁)မျောက်လွှဲကျော်မျိုးစိတ်တို့အတွက် ရေရှည် စောင့်ကြည့်လေ့လာသော အစီအစဉ်များပေါ်ထွက်လာစေရန် နှင့်အရေအတွက်ကိုစာရင်းကောက်ယူနိုင်စေရန် 
  •  (၂) မျောက်လွှဲကျော်အရေအတွက်ကို ထိခိုက်စေသော အမဲလိုက်ခြင်း၊ကျက်စားနေထိုင်ရာပျောက်ဆုံးခြင်းတို့ နှင့် ဆက်စပ်နေသော ခြိမ်းခြောက်မှုတို့အသေးစိတ်အကဲဖြတ်ချက်များဆောင်ရွက်ရန် 
  •  (၃) သားငှက်ဘေးမဲ့တောအနီးအနားနေ လူထု၏ သဘောထားကို လေ့လာရန်
  •  (၄)မျောက်လွှဲကျော်ထိန်းသိမ်းရေးအတွက် ပညာပေးအစီအစဉ်တိုးမြှင့်ရန်
  •  (၅)  နေထိုင်ရာ နေရာအရည်အသွေးနှင့် အစားအစာ ပေါများမှုတို့အပေါ် မျောက်လွှဲကျော်တို့ ပျံ့နှံ့ပုံကို မှတ်တမ်းတင်နိုင်ရန်
  • (၆) ထိန်းသိမ်းရေးလုပ်ငန်း အောင်မြင်မှုအတွက် ညွှန်းကိန်းတစ်ရပ်အနေဖြင့် ဟူးလော့မျောက်လွှဲကျော်များ စောင့်ကြည့်လေ့လာရန်
  • (၇) SMART ကင်းလှည့် ခြင်းမှတဆင့် မျောက်လွှဲကျော် ထိန်းသိမ်းရေးအတွက် ထိရောက်သောဥပဒေစိုးမိုးမှု အကောင်အထည်ဖော်ရန် တို့ ဖြစ်ပါသည်။    

     သားငှက်ထိန်းသိမ်းရေးအဖွဲ့သည် ၂၀၀၂-၂၀၀၃ ခုနှစ်တွင် ကချင်ပြည်နယ်ရှိ နောင်မွမ်းနှင့် မချန်းဘောကြားရှိ  Babulonhtan[d1]  တွင် ပထမဆုံးမျောက်လွှဲကျော်ဦးရေနှင့်  ၄င်းတို့၏နေထိုင်ကျက်စားရာ အကဲဖြတ်မှု စစ်တမ်းကို ပြုလုပ်ခဲ့ပါသည်။ မဟာမြိုင်ဘေးမဲ့တောရှိ မျောက်လွဲကျော် စာရင်းကောက်ယူခြင်းကိုလည်း ၂၀၀၄-၂၀၀၅ ခုနှစ်တွင်  ကောက်ယူနိုင်ခဲ့ပါသည်။၂၀၀၅-၂၀၀၆ အတွင်းတွင် မျောက်လွှဲကျော်စာရင်းကောက်ယူမှုကို ဟူးကောင်း ဘေးမဲ့တောတွင်အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ ထို့အပြင် ၂၀၁၃-၂၀၁၄ခုနှစ် နာဂဒေသနှင့် ထမံသီဘေးမဲ့တောရှိ မျောက်လွဲ ကျော်များ၏စားကျက်ဒေသ များအား အကဲဖြတ်စစ်ဆေးခြင်းနှင့် အရေအတွက်စာ ရင်းကောက်ယူခြင်းကို သားငှက်ထိန်သိမ်းရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ပါသည်။ လတ်တလောတွင် မျောက်လွှဲကျော် စောင့်ကြည့်လေ့လာခြင်းနှင့် ဥပဒေစိုးမိုးရေးဆောင်ရွက်ချက်များကို ထမံသီဘေးမဲ့တောတွင် ဆောင်ရွက်နေဆဲဖြစ်ပါသည်။ သားငှက်ထိန်းသိမ်းရေးအဖွဲ့သည် သားငှက်ဘေးမဲ့တောပတ်လည်ရှိသော အဓိကရွာများအား ပညာပေးအစီအစဉ်များ ကိုဆောင်ရွက်နေလျက်ရှိပါသည်။



 

Copyright 2007-2018 by Wildlife Conservation Society

WCS, the "W" logo, WE STAND FOR WILDLIFE, I STAND FOR WILDLIFE, and STAND FOR WILDLIFE are service marks of Wildlife Conservation Society.

Contact Information
Address: 2300 Southern Boulevard Bronx, New York 10460 | (718) 220-5100