Enter Title

 

ဧရာဝတီမြစ်တွင်းတစ်နေရာ။ဓါတ်ပုံ ©Eleanor Briggs/WCS

          ဧရာဝတီလင်းပိုင်ကာကွယ်ရေးဧရိယာအား ၂၀၀၅ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ မန္တလေးမြို့အနီး မင်းကွန်းမှ မြောက်ဘက် ကျောက်မြောင်းထိ (၇၄ ) ကီလိုမီတာကျယ်ပြန့်ပါသည်။ မျိုးသုဉ်းလုနီးပါး ဖြစ်သော ဧရာဝတီလင်းပိုင်ကောင်ရေ ၃ ပုံ၁ ပုံခန့်ကို လွမ်းခြုံထားသောဧရိယာ လည်းဖြစ်သည်။ ဧရာဝတီမြစ်အထက်ပိုင်းသည်လည်း အရေးကြီးသော ငှက်မျိုးစိတ်ပေါင်း (၁၂၆) မျိုးတို့တည်ရှိရာ အရပ်ဖြစ်ပါသည်။ ၄င်းတို့ထဲမှ မျိုးစိတ်(၂)ခုသည် မျိုးသုဉ်းလုနီးပါးဖြစ်ပြီး၊ မျိုးစိတ်(၄)ခုခန့်မှာ မျိုးသုဉ်းရန်ခြိမ်း ခြောက်ခံနေရပါသည်။၎င်းမျိုးစိတ်များမှာ- ဒေါင်း(Green Peafowl)၊ မြစ်တွေးဗိုက်မဲ(Black-bellied Tern)၊ ခရုစုပ်အဖြူ(Black-headed Ibis)၊ ဥပန်း(Oriental Darter)၊ မြစ်တွေး(River Tern)၊ ဘွတ်ချွဲ(Streak-earned Bulbul)၊ Feruginous Pochard ၊ Streak-earned Bulbul. နှင့် Common Shelduck တို့ဖြစ်ကြပါသည်။ ဧရာဝတီမြစ်အထက်ပိုင်းရှိ အခြားထင်ရှားသောငှက်မျိုးစိတ်များမှာ ငှက်ကျား(Pained Stork) နှင့် အောယော(Greater Cormorant)တို့ဖြစ်ကြပါသည်။

 

   ဧရာဝတီလင်းပိုင်တစ်ကောင်ကိုတွေ့ရစဉ်။ဓါတ်ပုံ ©Saw Htoo Tha Po/WCS

          ဧရာဝတီလင်းပိုင်အရေအတွက်သည် ပြီးခဲ့သော နှစ်အနည်းငယ်လောက် အတွင်းတွင် အကျဘက်ရောက်လာနေပါသည်။ ၂၀၁၂ ခုနှစ်တွင် (၈၆)ကောင်ရှိရာမှ ၂၀၁၄ ခုနှစ်တွင်(၅၈) ကောင်သာကျန်ရှိပါသည်။ ခြိမ်းခြောက်မှုအန္တရာယ်များထဲမှ အဓိကပြသနာမှာ လျှပ်စစ်ရှော့တိုက်ငါးဖမ်းခြင်းကြောင့်ဖြစ်သည်။ ငါးဖမ်းသမားများသည် ကားဘက်ထ္ထရီများနှင့်သတ္တု ချောင်းအရှည်တို့ကို အသုံးပြုခြင်းဖြင့် ငါးများကို သေစေခြင်းကြောင့် ဧရာဝတီလင်းပိုင်းများ ကိုလည်း ဓါတ်လိုက်သေဆုံးခြင်းဖြစ်စေပါသည်။ လျှပ်စစ်ရှော့ တိုက်ငါးဖမ်းခြင်းသည် ငါးများ၏ နေထိုင်ကျက်စား ရာနေရာများ ပျက်စီးစေခြင်း နှင့်ငါးအရေအတွက် ပျက်သုဉ်းလျော့ပါးလာစေပါသည်။ အခြားသောပြသနာတစ်ခုမှာ ငါးဖမ်းပိုက် စိတ်စိတ်ဖြင့် မြစ်ဧရိယာကျယ်ကျယ်တွင် ဖြတ်သန်းသွားသော ငါးအသေးအကြီးမှန်သမျှကို ဖမ်းဆီးခြင်းဖြစ်ပါသည်။ ရွှေတူးဖော် ခြင်းလုပ်ငန်းမှ ဖြစ်ပေါ်လာသောအနည်များ နှင့်အခြားသော သောင်တူးဖော်ခြင်း လုပ်ငန်းများ မှ အနည်အမှုန်များသည်လည်း ဧရာဝတီလင်းပိုင်များ ကျက်စားရာနေရာများကို ပျက်စီးစေပါသည်။ မြစ်အထက်ပိုင်းတွင်ဖြစ်ပေါ်နေသော ခေတ်သစ်ဖွံဖြိုးမှုဖြစ်သော ရွှေရှာဖွေရေး လုပ်ငန်းများမှ ပြဒါးအဆိပ် သင့်စေ ခြင်းသည် လည်း နောက်တိုး အန္တရာယ်တစ်ခုပင် ဖြစ်ပါသည်။ ဧရာဝတီမြစ်အတွင်း ခရီးသွားလာမူ့မြင့်တက်လာသောကြောင့် ဧရာဝတီလင်းပိုင်တို့၏ ကျက်စားရာနေရာများမှ ရွေ့ပြောင်းသွားခြင်း၊ လင်းပိုင်ကြည့် ရေယာဉ်များတိုက်မိခြင်း၊ ထိခိုက်မိစေခြင်းစသော အကြောင်းများ ဖြစ်လာနိုင်စရာရှိနေပါသည်။ 

      သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေး အဖွဲ့မြန်မာနိုင်ငံ အစီအစဉ်၊ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးစီမံကိန်းရေးမှ ဧရာဝတီမြစ်ရိုးတလျှောက် လေ့လာရေးခရီးသွားရန်ပြင်ဆင်စတင်ထွက်ခွာနေပုံ။ဓါတ်ပုံ © Eleanor Briggs/WCS

       ဧရာဝတီလင်းပိုင်းထိန်းသိမ်းရေးစီမံကိန်းကို ငါးလုပ်ငန်းဦးစီးဌာန နှင့်သားငှက်တိရစ္ဆာန် ထိန်းသိမ်း ရေးအဖွဲ့(မြန်မာ) တို့ပူး ပေါင်း စီမံခန့်ခွဲပြီး၊ ဧရာဝတီလင်းပိုင်များကို စောင့်ကြည့်လေ့လာခြင်း၊ ဥပဒေစိုးမိုးစေခြင်း၊ အသိပညာပေးခြင်း နှင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ဖော်ဆောင်ပေးခြင်း ဖြင့် ဧရာဝတီလင်းပိုင်များ အပေါ်ကျရောက်လာမည့် ဘေးတို့ကိုလျော့ပါးစေခြင်း ရည်ရွယ်ချက်တို့ဖြင့် ဆောင်ရွက်နေပါသည်။ စီမံကိန်းတွင် ဧရာဝတီလင်းပိုင်များကို ပုံမှန်စောင့်ကြည့်လေ့လာခြင်း နှင့်ကင်းလှည့်ခြင်းလုပ်ငန်းများကို ဧရာဝတီလင်းပိုင် ကာကွယ်ထားသော ဧရိယာအတွင်းတွင် လုပ်ဆောင်လျက်ရှိပါသည်။ ဒေသခံပြည်သူများပါဝင်သော တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ခြင်း နှင့်သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များ နှင့် ညှိနှိုင်းခြိမ်းခြောက်မှု အန္တရာယ်များလျော့ပါးသွားအောင် ဆောင်ရွက်လျက်ရှိပါသည်။ ဧရာဝတီလင်းပိုင် ကောင်ရေကိုသိရှိစေရန် စာရင်းကောက်ယူခြင်း လုပ်ငန်းများကိုလည်း နှစ်စဉ်လုပ်ဆောင်လျက်ရှိပါသည်။ ဧရာဝတီလင်းပိုင်ကာကွယ်ရေး ဧရိယာအတွင်းတွင် နေထိုင်သော လူထုအဖွဲ့အစည်း (၄၀)ခန့် နှင့်ကျောင်းများကိုလည်း ဧရာဝတီလင်းပိုင်အကြောင်း အသိပညာ ပေး လုပ်ငန်းများ ပုံမှန်လုပ်ဆောင်လျက်ရှိပါသည်။ လူထုအခြေပြုသော သဘာဝအခြေခံခရီးသွားလာရေးဖွံ့ဖြိုးလာစေရန် အများစုပေါင်း ငါးဖမ်းသော လူ့အဖွဲ့အစည်းပေါ်ပေါက်လာစေရေး အတွက် လင်းပိုင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် တိုက်ရိုက်မက် လုံးပေး ဆောင် ရွက်ခြင်း၊ အများစုပေါင်းငါးဖမ်းခြင်းနှင့် လင်းပိုင်တို့ အကြား တစ်ဦးကို တစ်ဦးမှီခိုနေခြင်းတို့ကို အထောက်အပံ့ပေးခြင်းတို့ကို လင်းပိုင်စီမံကိန်းမှ ဆောင်ရွက်နေပါသည်။ 

Copyright 2007-2021 by Wildlife Conservation Society

WCS, the "W" logo, WE STAND FOR WILDLIFE, I STAND FOR WILDLIFE, and STAND FOR WILDLIFE are service marks of Wildlife Conservation Society.

Contact Information
Address: 2300 Southern Boulevard Bronx, New York 10460 | (718) 220-5100